Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ၂၃ ရက်မှ ၂၉ရက်နေ့များအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊  ဧပြီလ ၂၃ ရက်မှ ၂၉ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ ဆန်၊ ကြံ၊  သီဟိုဠ်စေ့၊ မြေပဲဆံ၊ ပြောင်း၊  ဖရဲသီးနှင့် ပဲတီစိမ်း များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၇၅၃၆၃၄ ဒဿမ ၂၈ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၃၄၂၂၃၃ ဒဿမ ၇၈ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၅၀၉၅၈၆၈ ဒဿမ ၀၆ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊  မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် Empty Cargo Container 45' feet များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၅၃၅၅၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၉၇၄၈၀ ဒဿမ ၁၈ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၅၁၀၃၅ ဒဿမ ၁၈ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၅၅ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၁ ဒဿမ ၆၉ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News